ထိုင်းမှာ ကုမ္ပဏီတည်ထောင်ပြီး ကုမ္ပဏီပိုင်ရှင် မြန်မာလူမျိုးက Business Visa မဖြစ်မနေရှိဖို့လိုတာလား? မရှိရင်ဘာဖြစ်မလဲ?
ထိုင်းမှာ ကုမ္ပဏီတည်ထောင်တာက အရှေ့မှာဖော်ပြခဲ့သလိုပဲ Thai Limited Company49% 51% shares နဲ့တည်ထောင်ကြပြီး ပါတနာအစစ် သို့မဟုတ် အမည်ခံထိုင်းလူမျိုးထည့်ပြီး တည်ထောင်ကြတာများပါတယ်။
လုပ်ငန်းရှင်ဗီဇာ Non-B + work permit က ထိုင်းမှာကုမ္ပဏီထောင်ထားတဲ့ လုပ်ငန်းရှင်တိုင်းရှိနေဖို့လိုအပ်တာလား? ဆိုရင်တော့ မဟုတ်ပါဘူး။
လုပ်ငန်းရှင်လို့ဆိုရာမှာ ကုမ္ပဏီရဲ့ ရှယ်ယာစုသာပိုင်ဆိုင်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်သူမဟုတ်နေပါက ရှယ်ယာရှင်အနေနဲ့ Business Visa ရှိနေဖို့ လုံးဝမလိုအပ်ပါဘူး။
ရှယ်ယာရှင်လို့ဆိုရာမှာ ဥပဒေအရ ၄၉% ပိုင်ဆိုင်ထားတဲ့သူကိုသာဆိုလိုပါတယ်။ကုမ္ပဏီသင်းဖွဲ့စည်းမျဉ်းအတိုင်း ဆုံးဖြတ်ပိုင်ခွင့်တစ်ချို့သာရှိပြီး လုပ်ငန်းဆောင်တာများမှာ ပါဝင်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး။
ဒါရိုက်တာဆိုတာကတော့ ကုမ္ပဏီရဲံ ရှယ်ယာရှင်များမှ appoint လုပ်ထား ခန့်ထားတဲ့ ကုမ္ပဏီရဲ့ အရေးပါဆုံးရာထူးကိုယူထားသူဖြစ်ပါတယ်။ လုပ်ငန်းရဲ့ဆုံးဖြတ်ခွင့်နေရာ၊ ကုမ္ပဏီငွေကြေးစီမံမှုနေရာ၊ အထွေထွေစီမံခန့်ခွဲမှုကို တာဝန်ယူထားရသူဖြစ်ပါတယ်။
အကယ်၍သာ မြန်မာလုပ်ငန်းရှင်တစ်ယောက်က ထိုင်းကုမ္ပဏီရဲ့ ရှယ်ယာသာပိုင်ဆိုင်ထားပြီး ဒါရိုက်တာရာထူးမယူထားပါက business visa ရှိနေဖို့မလိုပါဘူး။
ဒါပေမယ့် မိိမိဟာ ရှယ်ယာရှင်နေရာမှာရော၊ ဒါရိုက်တာနေရာမှာပါ ရှိနေမယ်ဆိုရင်တော့ ဒီကုမ္ပဏီအတွက် အလုပ်လုပ်နေသူ၊ ထိုင်းနိုင်ငံမှ resources တွေကိုသုံးပြီးအကျိုးမြတ်ရှာနေသူဖြစ်တာကြောင့် Business visa + Work Permit က မဖြစ်မနေလိုအပ်ပါတယ်။
Director က Business Visa မရှိနေရင် ဘာအကျိုးသက်ရောက်မှုရှိမလဲ?
နိုင်ငံခြားသားဒါရိုက်တာက Business Visa မရှိထားဘူးဆိုရင် ကုမ္ပဏီရဲ့အရေးကြီးဆုံးအခန်းကဏ္ဍဖြစ်တဲ့ “လက်မှတ်ထိုးပိုင်ခွင့်” ဟာ အသက်မဝင်ပါဘူး။ စာချုပ်စာတမ်းများအပေါ် မိမိလက်မှတ်ဟာ သက်ရောက်မှူမရှိတဲ့အတွက် ရေရှည်မှာ ပြဿနာတွေရှိလာနိုင်ပါတယ်။နောက် ကုမ္ပဏီဘဏ်အကောင့်ရဲ့ Authorization မှာ မိမိရဲ့ username , email address , phone number register ထားရတာဖြစ်တဲ့အတွက် work permit မရှိတဲ့ဒါရိုက်တာတစ်ယောက်ဟာ ကုမ္ပဏီငွေကိုစီမံနေတယ်ဆို တရားမဝင်ဖြစ်ပါတယ်။
နောက်ပြီး လစဉ် စာရင်းရှင်းတမ်း accounting filing, ဝင်ငွေခွန်ရှင်းတမ်း စတာတွေလဲ မလုပ်ထားဘူးဆို ကုမ္ပဏီက တစ်နှစ်ထက်ပိုရပ်တည်ဖို့ခတ်မှာပါ။
မြန်မာတွေသုံးတဲ့နည်းလမ်းတစ်ခုကတော့ ထိုင်းလူမျိုးဒါရိုက်တာကို အမည်ခံထည့်ထားပြီး လုပ်ငန်းပိုင်းကို ထိုင်းလူမျိုးကစီမံတဲ့သဘောမျိုးသွားကြပါတယ်။ ဒါဆိုရင်တော့ မိမိထည့်ထားတဲ့ ထိုင်းအမည်ခံမှာ လက်မှတ်ထိုးပိုင်ခွင့်တွေ၊ ကုမ္ပဏီဘဏ်အကောင့်ထိန်းချုပ်ခွင့်တွေပေးထားသလိုဖြစ်မှာကြောင့် ပိုင်ဆိုင်မှုမှာ အငြင်းပွါးစရာတွေဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံမှာ ကိုယ်တိုင်ကိုယ်ကျ စီးပွါးရေးလုပ်လိုတဲ့ မြန်မာလုပ်ငန်းရှင်ဟာ စီးပွါးရေးဗီဇာရှိကိုရှိထားသင့်ပါတယ်။
Business
ထိုင်းမှာ ကုမ္ပဏီတည်ထောင်ပြီး ကုမ္ပဏီပိုင်ရှင် မြန်မာလူမျိုးက Business Visa မဖြစ်မနေရှိဖို့လိုတာလား? မရှိရင်ဘာဖြစ်မလဲ?