ထိုင်းမှာ Company တည်ထောင်ပြီးပြီဆို လက်ထဲ ဘယ်လိုစာရွက်စာတမ်းတွေ သိမ်းထားရမလဲ?ကိုယ်အသုံးပြုတဲ့ Legal Firm or Corporate Firm ကနေ ဘာတွေတောင်းထားရမလဲ?
( Corporate and legal terms တွေကို အလွယ်ဆုံး အဓိပ္ပါယ်ဖွင့်ဖော်ပြပေးထားပါတယ်)
1)User name and password of Company authorized persons for DBD Website - to log in ( ကိုယ့်လုပ်ငန်းနဲ့သက်ဆိုင်တဲ့ filing တွေ ၊ လိုအပ်တဲ့ အချက်လက်ပြုပြင်မှုတွေဖြစ်ဖြစ်၊ ကိုယ်တင်ထားတဲ့ အချက်လက်မှန်ကန်မှုရှိမရှိစစ်ဆေးဖို့ဖြစ်ဖြစ် ကိုယ့်ကုမ္ပဏီရဲ့အကြောင်းအပြည့်စုံကို အချ်န်မရွေးဝင်ကြည့်လို့ရဖို့ website ရဲ့ access)
2) Certificate of Business Registration (Thai & English Language) - ဒီထဲမှာ ဒါရိုက်တာ ခန့်ထားတာရော၊ ကုမ္ပဏီအောက်ကသွားမယ့် industry တွေရောပါဝင်ပါတယ်၊ ကိုယ့်ကုမ္ပဏီတည်ထောင်ပြီးကြောင်း အသိမှတ်ပြုထားတဲ့ လိုင်စင်ပါ)
3) Corporate Tax ID ( ဒီအခွန် ID က Company registration Numberနဲ့တင်ရတာမို့ ကုမ္ပဏီတည်ထောင်ပြီးရင် ရပါတယ်)
4) VAT registration ID ( Business စ operate ပြီဆိုမှ register တာကောင်းပါတယ်။ တစ်နှစ်စာ 1.8 million THB revenue ရှိမှ အခွန်တင်ရပါတယ်။ VAT က ID Register ပြီးရင် လုပ်ငန်းစပြီလို့ ယေဘုယျသတ်မှတ်တာမို့ ကုမ္ပဏီထောင်ပြီး လုပ်ငန်းမလုပ်သေးသူတွေအတွက် မတင်ထားသင့်သေးပါဘူး)
5)MOA (memorandum of association) - ဒီဖိုင်ကအရေးကြီးပါတယ်။ ဒီထဲမှာ တရားဝင်လုပ်ရသမျှ အကြောင်းရာတွေကို ရှယ်ယာရှင်တွေအကုန်လုံးသဘောတူညီကြောင်းရေးထားလို့ပါ။ ထိုင်းဘာသာစကားပဲလာတာမို့ နားလည်ချင်ရင် ဘာသာပြန်ထားတာကောင်းပါတယ်)
6)Shareholder list ( ဒီထဲမှာတော့ ရှယ်ယာကို ခွဲပေးထားတာ ပါပါတယ်။ 51% ထိုင်းပါတနာ၊ 49% မြန်မာတွေပေါ့။ ရှယ်ယာ အရေတွက်၊ ရှယ်ယာတန်ဖိုးနဲ့ ရှယ်ယာရှင်တွေရဲ့ အချက်လက်တွေ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်တွေပါဝင်ပါတယ်)
7)Shares Transfer documents ( ဒီဟာက အရေးကြီးဆုံးပါ။ ထိုင်းပါတနာကနေ ပိုင်ဆိုင်မှုပြန်ခွဲပေးတဲ့ စာရွက်ပါ။ ရှယ်ယာပြန်ရောင်းပေးတာမျိုးပေါ့။
ဆိုတော့ CBCC တို့ဆီမှာဆို Sharesholder တစ်ဦးတည်းဖြစ်ပါက ထိုင်းပါတနာက ၁၀% နဲ့ မြန်မာလုပ်ငန်းရှင်က ၉၀% ပိုင်ဆိုင်မှုပြခွဲပေးပါတယ်။Shareholders ၂ ဦးမှ ၂ဦးအထက်ဆ်ို အပြည့်ဝ မြန်မာလူမျိုးပိုင်စီစဉ်ပေးပါတယ်။
အဓိကက Minority Dividend ပဲယူပြီး Management Control အပြည့်ဝကို မြန်မာကိုလွှဲပေးထားတဲ့သဘောပေါ့။ ရှယ်ယာနည်းရင် လုပ်ပိုင်ခွင့်လဲ လျော့သွားတာမို့ အဓိက ငွေဝင်နေမယ့် ကုမ္ပဏီဘဏ်အကောင့်ကို ထိုင်းက လုံးဝမကိုင်တွေပဲ authorized person အဖြစ်ထွက်ထားပေးတာဆို ကိုယ့်လုပ်ငန်းက လုံခြုံပြီပေါ့။
များသောအားဖြင့်က nomination အမည်ခံသွားတဲ့အတွက် 51% သူ့ရှယ်ယာပိုင်ဆိုင်မှုကို ပိုင်ဆိုင်မှုအတိုင်းထားပြီး နာမည်ခံတာအတွက် နှစ်စဉ်ငွေပေးထားတာမျိုးပါ။
အဲ့ဒါကတော့ အလွယ်ဆုံးနဲ့ အလုပ်အများဆုံးနည်းလမ်းဖြစ်သလို ကောင်းတဲ့အချက်က သူ့နာမည်ကလဲ 51% တောင်ပါနေတဲ့အတွက် ကိုယ်တစ်ခုခုဆို သူ့မှာပိုတာဝန်ရှိသလိုဖြစ်တယ်တွေးကြတာပေါ့။တကယ်တမ်းကျ တရားခွင် သို့မဟုတ် အစစ်ဆေးရှိလာတဲ့အခါ သူကစကားတစ်မျိုးပြောရင် ကိုယ်ဘာမှမတတ်နိုင်ပါဘူး။
တဖက်ကလဲ သူက ဘယ်သူမှန်းမသိ လုပ်ငန်းအကြောင်းလဲနားမလည်နေတဲ့အတွက် ကြားထဲက ရှေ့နေက အစစအရာရာ စီစဉ်ပေး၊ ရေရှည်အတွက်ကျအကုန်ကျအများနိုင်ဆုံးနည်းလမ်းပါ။
ဖြစ်နိုင်ရင်တော့ ထိုင်းလူမျိုး လုပ်ငန်းအတူတူလုပ်လို့ရမယ့်သူကိုရှာပါ။ သူ့နိုင်ငံအစိုးရပိုင်းမှန်သမျှ သူ့ကိုလွှဲထားလို့ရမှာမျိုးအကောင်းဆုံးပါပဲ။)
Business
ထိုင်းမှာ Company တည်ထောင်ပြီးပြီဆို လက်ထဲ ဘယ်လိုစာရွက်စာတမ်းတွေ သိမ်းထားရမလဲ?