ကုမ္ပဏီတစ်ခုထောင်ဖို့က အလုပ်အများဆုံးနဲ့အလွယ်ကူဆုံးThai Partner နဲ့ 49% 51% Limited Partnership Company ထောင်လို့ရပါတယ်။
ကုမ္ပဏီထောင်တာကလွယ်ပါတယ်ထိုင်းလူမျိုးနာမည်ခံပြီးထောင်ရုံပါ။
နောက်က Office အတွက် Virtual Office ပြရတာ၊ ထိုင်းဝန်ထမ်းခန့်ပြရတာ၊ capital အပေါ်လိုက်ပြီး Deposit Bank statement ပြရတာတွေရှိပါတယ်။ agent တွေက အဲ့လိုလုပ်ပေးပြီး ထောင်ပေးမယ်ဆို ၃ ရက်လောက်အတွင်း ကုမ္ပဏီစဖြစ်ပါပြီ။ (ဥပဒေအရဆို ငွေက မိမိရဲ့ ထိုင်းလူမျိုးပါတနာရဲ့ Personal Bank Account ထဲမှာ အနည်းဆုံး 25% of capital ပြနိုင်ရပါမယ်) နောက်မှ AGM နဲ့ minority dividend ခွဲရုံပါပဲ ( Myanmar 99% Thai 1% ထားပါတော့)
မှတ်ချက်: နောက်ပိုင်း Government မှ မြန်မာလူမျိုး shareholder ဖြစ်တယ်ဆို capital အပြည့်ပြခိုင်းတာတွေရှိလာပါတယ်။
ပြဿနာက နောက်ဆက်တွဲ ကုမ္ပဏီထောင်ပြီး လုပ်မယ့်အလုပ်ပါ။နိုင်ငံခြားသားတွေအတွက် လုပ်ခွင့်မရှိတဲ့ လုပ်ငန်း ၄၀ အပြင်က အလုပ်တွေပဲ လုပ်ကိုင်ခွင့်ရှိပါတယ်။
လုပ်ငန်း ၄၀ ကို ဒီမှာဖတ်ပါ။https://www.facebook.com/share/jedvCXeBDEyX26Yh/...
ဒုတိယအဆင့်ကိုယ်တည်ထောင်မယ့် လုပ်ငန်းပေါ်လိုက်ပြီး လိုင်စင်တွေရှိလာပါတယ် အဲ့ဒါတွေလျှောက်ပြီးမှ တရားဝင်လုပ်ကိုင်ခွင့်ရှိတာပါ။
ဒါပေမယ့် Small Business တွေကို wave ပေးထားတဲ့ လိုင်စင်ကိစ္စတွေလဲရှိလို့ ကိုယ့်ထိုင်းပါတနာက ဖြေရှင်းနိုင်ဖို့တော့လိုပါတယ် ( ဥပမာ ဆိုင်ဖွင့်ချင်ရင် ဆိုင်လိုင်စင်၊ ခရီးသွားလုပ်ငန်းဆို ခရီးသွားလိုင်စင် စသဖြင့်)
တတိယအဆင့် နှစ်စဉ်အမြတ်ဝင်ငွေပေါ်မူတည်ပြီး လစဉ်တင်ရတဲ့ Revenue Report နဲ့ အခွန်၊ နှစ်စဉ် Audited ထားတဲ့ Annual return တွေလဲလိုပါတယ်။
ထိုင်းမှာစီးပွါးရေးလုပ်တာက ကိုယ်မလာနိုင်သေးလဲ ဝန်ထမ်းခန့်ပြီး အစပျိုးထားလို့ရပါတယ်။ဒါပေမယ့် ကိုယ်တိုင်နေဖ်ု့တွေးပြီဆိုရင်တော့ business visa Non-B နဲ့ နေဖို့မှာ director အနေနဲ့ Company Data တွေ တင်ရပါတယ်။ ( Non-B နဲ့နေမယ်ဆို Company က 51% 49% shares ဖြစ်ကိုဖြစ်ရပါမယ်)
အဲ့အတွက် legal documents တွေလိုပါတယ်Director က ကုမ္ပဏီထောင်ထားပြီး တခြား Visa နဲ့နေနေတဲ့ history ရှိတယ်ဆို တရားမဝင်လုပ်ကိုင်နေတယ်လို့ သတ်မှတ်လို့ရပါတယ်။
ရေရှည်နေဖ်ု့တွေးတယ်ဆို အပြည့်စုံတရားဝင်သွားလိုတယ်ဆိုရင်တော့ စစချင်းမှာ ကုန်ကျစရိတ်များမှာပါ ။
CBCC မှာတော့ ကုမ္ပဏီတည်ထောင်ခြင်းနဲ့ Director အတွက် Business Visa တစ်နှစ် ၃ လစာ အပြင် Accounting Service, Business Licenses တွေအထိ One Stop ရနိုင်ပါတယ်။(Tax ကတော့ transaction နဲ့ minimum profit and loss statement ပေါ်မူတည်လို့ပါ)
ကုမ္ပဏီတည်ထောင်လိုပါက Business consultation service ယူလ်ို့ရပါတယ်။
consultation meeting စီစဉ်ရတာကတော့ အဓိက မြန်မာ customer အနေနဲ့ သိလိုရာတွေ အသေးစိတ်မေးမြန်းနိုင်မယ့်အကျိုးမြတ်အပြင် ထိုင်းလူမျိုးအနေနဲ့ကလဲ နာမည်ခံပေးဖို့ သင့်တော်မယ့် industry ဟုတ်မဟုတ်ကြည့်တာတွေအတွက် နောက်ပိုင်း Service ယုံကြည်စ်ိတ်ချရမှုရှိမရှိ ၂ ဦး၂ဖက် ဆုံးဖြတ်နိုင်ဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်။
Business
ကုမ္ပဏီတစ်ခုထောင်ဖို့ အလုပ်အများဆုံးနဲ့အလွယ်ကူဆုံး