ထိုင်းမှာ ဆိုင်တွေကိုဝင်ဖမ်းတာ သတင်းခဏခဏတက်လာတယ်။ ဘာတွေကြောင့် ဖမ်းတာလဲ? ဘယ်လိုကိစ္စတွေမှာ အဖမ်းများလဲ?

ထိုင်းမှာ ဆိုင်တွေကိုဝင်ဖမ်းတာ သတင်းခဏခဏတက်လာတယ်။ ဘာတွေကြောင့် ဖမ်းတာလဲ? ဘယ်လိုကိစ္စတွေမှာ အဖမ်းများလဲ?
ထိုင်းမှာ ဆိုင်တွေကိုဝင်ဖမ်းတာ သတင်းခဏခဏတက်လာတယ်။ ဘာတွေကြောင့် ဖမ်းတာလဲ? ဘယ်လိုကိစ္စတွေမှာ အဖမ်းများလဲ?

FAQ 0010

ဒီကိစ္စနဲ့ပက်သတ်ပြီးထိုင်းမှာ လုပ်ငန်းလုပ်ရင် ဒီအစိုးရဌာနတွေနဲ့ အဖမ်းဆီးအစစ်ဆေးခံရနိုင်ချေတွေ သိထားရပါမယ်။

 

ထိုင်းနိုင်ငံတွင် လုပ်ငန်းတရားဝင်မဖြစ်မှု အန္တရာယ်တွေနဲ့ စည်းကမ်းလိုက်နာရေး (Compliance) အတွက် မဖြစ်မနေသိထားရမည့် အစိုးရဌာန ၇ ခု!

ထိုင်းနိုင်ငံမှာ စီးပွါးရေးလုပ်ကိုင်သူတွေအနေနဲ့ တရားဝင်ဖြစ်ဖို့ ကုမ္ပဏီထောင်ပြီး လိုင်စင်လျှောက်ပြီး ဗီဇာယူ work permit ယူပြီး ပြီးသွားတာမျိုးမဟုတ်ပဲလဉ်၊ နှစ်ဝက်၊ နှစ်စဉ် လုပ်ရမယ့် အစိုးရဌာနတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရပါမယ်။

ကိုယ့်ရဲ့ နားမလည်မှု၊ လစ်ဟင်းမှုကြောင့် ဒဏ်ငွေကြီးတွေ၊ လုပ်ငန်းရပ်ဆိုင်းမှုတွေ မဖြစ်အောင် အဓိကအချက်တွေနဲ့ အန္တရာယ်တွေကို

 အန္တရာယ်သိပ်မများ အချိန်မီပြင်ဆင်လို့ရ အန္တရာယ်များ ရှောင်တခင်ဝင်စစ်နိုင်

ဆိုပြီး အပိုင်း (၂) ပိုင်းခွဲပြီး ဖော်ပြပေးလိုက်ပါတယ်။ save ထားပြီး လိုအပ်တိုင်း ဖတ်သင့်တဲ့ Post တစ်ခုပါ။

 အန္တရာယ်သိပ်မများ အချိန်မီပြင်ဆင်လို့ရ———————

အပိုင်း (၁) - အခြေခံ မှတ်ပုံတင်ခြင်းနဲ့ အခွန်ခဆိုင်ရာ (DBD, RD, SSO)| 1. DBD (စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဌာန)AR : Annual Report (with Audited Financial statement)ကုမ္ပဏီမှတ်ပုံတင်တဲ့နှစ်ကနေစပြီး နှစ်တိုင်းရဲ့ နှစ်စဉ်ဘဏ္ဍာရေး အစီရင်ခံစာ AR : งบการเงิน တင်သွင်းခြင်း။| နှစ်စဉ်အစီရင်ခံစာဆိုတာက ကုမ္ပဏီတည်ထောင်တဲ့နှစ်ကနေစပြီး တစ်နှစ်ချင်းရဲ့ ငွေကြေးစာရင်းနဲ့ လုပ်ငန်းစီမံမှုပိုင်းတွေကို အစီရင်ခံစာပြင်ပြီး တင်ရတဲ့ စာရွက်စာတမ်းဖြစ်ပါတယ်။ကုမ္ပဏီရဲ့ ဘဏ္ဍာနှစ်ကို Jan- Dec လို့သတ်မှတ်ရင် 29 May မှာ Annual Report အပြီးတင်ရပါတယ်။ မတင်ရင်: လုပ်ငန်းကို "Inactive" အဖြစ်သတ်မှတ်ခံရပြီး ဒဏ်ငွေ ฿50,000 အထိ ဆောင်ရနိုင်ပါတယ်။ |

| 2. RD (အခွန်ဌာန)အခွန်ကိုကတော့ လစဉ်၊ နှစ်ဝက် ၊ နှစ်စဉ်ရှင်းကြရတယ်။အခွန်တွေအကြောင်းအသေးစိတ်ကိုတော့ ဒီမှာဖတ်ပါhttps://www.facebook.com/share/p/1M2xBVtsvp/?mibextid=wwXIfr အခွန်ပေးဆောင်မှု အတိုင်းထက်လွန်နောက်ကျခြင်း သို့မဟုတ် ရှောင်ရှားခြင်း ပြေစာ (Invoice) စနစ် မတိကျမှု။ အခွန်စာရင်းအတုပြမှုတွေဆိုရင် ရာဇဝတ်မှုမြောက်ပြီး ထောင်ဒဏ် ၂ နှစ်မှ ၇ နှစ် အထိ ကျခံရနိုင်ပါတယ်။

| 3. SSO (လူမှုဖူလုံရေးဌာန)SSO ကိုကတော့ အလုပ်သမားတိုင်းအတွက် မှတ်ပုံတင်ပေးရပြီး ဝန်ထမ်းလစာပေါ်က 5% ကို လုပ်ငန်းရှင်ဘက်ကပေးရ၊ 5% ကို ဝန်ထမ်းလစာထဲကနုတ်ပြီး စုစုပေါင်း လစာရဲ့ 10% သောငွေပမာဏကို အစိုးရကို လစဉ် ဆောင်ရပါတယ်။SSO အကြောင်းအသေးစိတ်ကို ဒီမှာဖတ်ပါhttps://www.facebook.com/share/1NBuX7f3JW/?mibextid=wwXIfr ဝန်ထမ်းမှတ်ပုံတင်ခြင်း၊ လူမှုဖူလုံရေးကြေး လစဉ်ပေးသွင်းခြင်း။ | ဝန်ထမ်းတွေကို မှတ်ပုံမတင်ရင်: လူတစ်ဦးချင်းစီအတွက် ဒဏ်ငွေ ฿20,000 အထိ ဆောင်ရနိုင်ပါတယ်။ Citrus Tip: ဒါရိုက်တာ/ရှယ်ယာရှင်/လိပ်စာ ပြောင်းလဲရင် ရက် ၃၀ အတွင်း DBD ကို သတင်းပို့ပါ။ SSO ကြေးကို လတိုင်း ၁၅ ရက်နေ့မတိုင်မီ ပေးသွင်းပါ။———————- အန္တရာယ်များ ရှောင်တခင်ဝင်စစ်နိုင်——————-အပိုင်း (၂) - ထုတ်ကုန်၊ ဝန်ထမ်းနှင့် စားသောက်ဆိုင် လိုင်စင်များ

| 4. FDA (အစားအသောက်နှင့် ဆေးဝါးဌာန)FDA ကတော့ စားသောက်ကုန်၊ အလှကုန်၊ ဆေးဝါးထုတ်လုပ်သူတွေလျှောက်ထားရတဲ့ လိုင်စင်ပါ။F&B အတွက်သိလိုရင်တော့ ဒီ e book ထဲ FDA လျှောက်ရမယ့် စားသောက်ကုန်တွေအကြောင်းဖော်ပြထားပါတယ်။ ဒီပို့စ်မှာ ဝယ်နိုင်ပါတယ်။https://www.facebook.com/share/p/16kpa84Wuf/?mibextid=wwXIfr ထုတ်ကုန်မှတ်ပုံတင် FDA၊ တံဆိပ် သတ်မှတ်ထားတဲ့ အဆင့်တွေနဲ့ပြည့်စုံကြောင်းထောက်ခံချက်ခွင့်ပြုချက် (Label Approval) ၊ လိုင်စင်မရှိဘဲ ရောင်းပါက ပစ္စည်းတွေ သိမ်းဆည်းခံရပြီး ဒဏ်ငွေ ฿500,000 အထိ ပေးဆောင်ရနိုင်ပါတယ်။

| 5. Excise Dept (အထူးအခွန်ဌာန)ဒါကတော့ ကိုယ်ရောင်းမယ့်ထုတ်ကုန်၊ ကိုယ့်ဆိုင်က “ကျန်းမာရေးနဲ့ ပက်သတ်တဲ့ အန္တရာယ်တစ်ခုခု” “luxuary ပစ္စည်း၊ တန်ဖိုးကြီးပစ္စည်း”“သဘာဝပက်ဝန်းကျင်ဖျက်ဆီးမှုနဲ့ သက်ဆိုင်တဲ့ပစ္စည်း”“ထိန်းချုပ်ထားတဲ့ နိုင်ငံခြားသားတွေပါဝင်မှုကို ကန့်သတ်ထားတဲ့ လုပ်ငန်းတွေနဲ့ပက်သတ်တဲ့ ဝန်ဆောင်မှု၊ ပစ္စည်း”ဒါတွေအတွက် ပက်သတ်ရတဲ့ အစိုးရဌာနဖြစ်ပါတယ်။ ဆေးလိပ်၊ အချိုရည်နှင့် အချို့အလှကုန် အခွန်တွေ မဆောင်တာမျိုး၊ လိုင်စင်မရှိဘဲ အရက်ရောင်းတာမျိုးဆို ဒီဌာနကနေ ဒဏ်ငွေ ฿50,000 အထိနှင့် ပစ္စည်းသိမ်းဆည်းခံရတာမျိုးရှိနိုင်ပါတယ်။

| 6. Labor Dept (အလုပ်သမားဌာန)အလုပ်ရှင်တွေက နိုင်ငံခြားသားဖြစ်မယ်ဆို Business Visa နဲ့ work permit လျှောက်ထားရမယ်။ အလုပ်သမားဆိုရင် pink card နဲ့ work permit ရှိထားရမယ်။ ထိုင်းအလုပ်သမားဥပဒေအရ နိုင်ငံခြားသားကို Work Permit မရှိဘဲ ခန့်ထားရင် သို့မဟုတ် အလုပ်လုပ်နေတဲ့အလုပ်ရှင်နဲ့ work permit ထဲက အလုပ်ရှင်မတူရင်၊ ယူထားတဲ့ရာထူးနဲ့ လုပ်နေတဲ့အလုပ်မတူရင် တစ်ဦးချင်း ဒဏ်ငွေ ฿100,000 အထိပေးရနိုင်ပြီး အလုပ်လုပ်ခွင့်ဖျက်သိမ်းပြီး နိုင်ငံပြန်လွှတ်တာလဲဖြစ်နိုင်ပါတယ်။

| 7. Municipality / District Office (မြို့နယ်/ခရိုင်ရုံး)ဆိုင်ခန်းဖွင့်ထားသူမှန်သမျှ မည်သည့်ဆိုင်ခန်းမဆို ပက်သတ်ရတဲ့ ဌာနပါ။ လိုင်စင်လျှောက်ဖို့ ဒီမှာအဓိကတင်ရ၊ လျှောက်ထားရ၊ အကြောင်းကြားရပါတယ်။ စားသောက်ဆိုင်၊ Spa၊ ဆိုင်ခန်းနှင့် ဆိုင်းဘုတ် လိုင်စင်တွေ မတင်ထားတာ သက်တမ်းကုန်တာတွေဆို ဒဏ်ငွေဆောင်ရနိုင်သလို ယာယီပိတ်ခိုင်းနိုင်တယ်။ Citrus Tip: FDA လိုင်စင်ကို သက်တမ်းမကုန်ခင် အမြဲတမ်းတိုးပါ။ Work Permit, စာချုပ်၊ Passport မိတ္တူများကို စနစ်တကျ သိမ်းထားပါ။