Real Estate
Nominee နဲ့ကုမ္ပဏီထောင်ပြီး အိမ်ဝယ်ထားသူများ သတိထားရမယ့် အန္တရာယ်ကြီး
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ မြေ/အိမ် ဝယ်ယူဖို့အတွက် ထိုင်းနိုင်ငံသား နာမည်ခံ (Nominee) တွေနဲ့ ကုမ္ပဏီထောင်ပြီး ဝယ်ယူတဲ့ နည်းလမ်းကို အရင်က အသုံးများခဲ့ကြပါတယ်။
သို့သော်လည်း လက်ရှိမှာ ထိုင်းအစိုးရနှင့် စုံစမ်းစစ်ဆေးရေးဌာနများ (CIB / DSI / DBD) တို့က Nominee စနစ်ကို အပြင်းအထန် စစ်ဆေးအရေးယူနေပါတယ်။
အကယ်၍ အောက်ပါအတိုင်း ဖြစ်စဉ်ဖြစ်လာခဲ့ရင် ဥပဒေကြောင်းအရ ဘာတွေ ဆက်ဖြစ်နိုင်သလဲဆိုတာကို ဗဟုသုတအဖြစ် BLS - Citrus ကနေ မျှဝေပေးလိုက်ပါတယ်။
ဖြစ်စဉ် အဆင့်ဆင့်နှင့် ဖြစ်လာနိုင်သည်များ
Nominee ဖြင့် ကုမ္ပဏီထောင်ခြင်း။
- နိုင်ငံခြားသားမှ ငွေကြေးစိုက်ထုတ်ပြီး ထိုင်းနိုင်ငံသားများကို ရှယ်ယာရှင်အဖြစ် နာမည်ထည့်ကာ ကုမ္ပဏီထောင်ခြင်း။
- ကုမ္ပဏီအမည်ဖြင့် အိမ်/မြေ ဝယ်ယူခြင်း။
- ကုမ္ပဏီအမည်ပေါက်ဖြင့် အိမ် သို့မဟုတ် မြေကွက်ကို ဝယ်ယူပိုင်ဆိုင်ခြင်း။
- ရဲမှ စစ်ဆေးခြင်းနှင့် Nominee တို့ ဝန်ခံခြင်းကို
စစ်ဆေးရေးအဖွဲ့များက Nominee များ၏ ဘဏ်စာရင်း (Bank Statement)၊ ဝင်ငွေရင်းမြစ်နှင့် သက်သေအထောက်အထားများကို စစ်ဆေးသည့်အခါ နာမည်ခံထားသူများမှ အမှန်အတိုင်း ဝန်ခံလိုက်ခြင်း။
- တရားဝင် ဆင့်ခေါ်စာ (၂) ကြိမ် ရောက်ရှိလာခြင်း။
- ရဲစခန်း သို့မဟုတ် စုံစမ်းစစ်ဆေးရေးဌာနမှ စုံစမ်းစစ်ဆေးရန်။
- တရားဝင် ဆင့်ခေါ်စာ (Summons Letter) ကို မူလလိပ်စာသို့ (၂) ကြိမ်တိုင်တိုင် ပေးပို့လာခြင်း။
- စာကို မတုံ့ပြန်ဘဲ လျစ်လျူရှုမိခြင်း။
- စာကို ပြန်စာမပေးဘဲ သို့မဟုတ် မသိချင်ယောင်ဆောင်၍ လျစ်လျူရှုထားမိခြင်း။
- ရဲတပ်ဖွဲ့မှ အိမ်အထိ လာရောက်၍ ရဲစခန်းသို့ ခေါ်ဆောင်သွားခြင်း။
- ဆင့်ခေါ်စာ (၂) ကြိမ်ကို မတုံ့ပြန်ပါက တရားရုံးမှ ဖမ်းဝရမ်း (Arrest Warrant) ထုတ်ပြန်ပြီး ရဲတပ်ဖွဲ့မှ အိမ်အထိ လိုက်လာကာ ရဲစခန်းသို့ ခေါ်ဆောင်သွားခြင်း။
ထိုင်းဥပဒေအရ သိထားရမည့် အန္တရာယ်များနှင့် ပြစ်ဒဏ်များ။
ထောင်ဒဏ်နှင့် ငွေဒဏ် Land Code Act
(ပုဒ်မ ၁၁၁ - ၁၁၃): Foreign Nominee အဖြစ် ဆောင်ရွက်သူနှင့် ခိုင်းစေသူ နှစ်ဦးစလုံးသည် ထောင်ဒဏ် (၂) နှစ်အထိ သို့မဟုတ် ဒဏ်ငွေ ဘတ် ၂၀,၀၀၀ အထိ (သို့မဟုတ်) နှစ်ရပ်စလုံး ကျခံရနိုင်သည်။
Foreign Business Act (ပုဒ်မ ၃၆): Nominee အဖြစ် ဆောင်ရွက်ပါက ထောင်ဒဏ် (၃) နှစ်အထိ၊ ဒဏ်ငွေ ဘတ် ၁ သိန်းမှ ၁ သန်းအထိ ကျခံရနိုင်ပြီး၊ စည်းကမ်းဖောက်ဖျက်မှု မရပ်ဆိုင်းသရွေ့ နေ့စဉ် ဒဏ်ငွေများ ထပ်မံတိုးလာမည်ဖြစ်သည်။
Criminal Code (ပုဒ်မ ၂၆၇): အစိုးရဌာနများတွင် မဟုတ်မမှန် သတင်းအချက်အလက် ပေးပို့မှုအတွက် ထောင်ဒဏ် (၃) နှစ်အထိ ကျခံရနိုင်သည်။
- ပိုင်ဆိုင်မှုများ အသိမ်းခံရခြင်း / အတင်းအဓမ္မ ရောင်းချခိုင်းခြင်း။
Land Code ပုဒ်မ ၉၄ နှင့် ၉၆ အရ တရားမဝင် ပိုင်ဆိုင်ထားသော မြေ/အိမ်များကို ရက်ပေါင်း ၁၈၀ မှ ၁ နှစ်အတွင်း အပြီးရောင်းချရန် အမိန့်ထုတ်ခံရမည်ဖြစ်ပြီး၊ မရောင်းချပါက အစိုးရမှ လေလံတင်ရောင်းချမည်ဖြစ်သည်။
ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ (AMLA) အရ ဘဏ်အကောင့်နှင့် အိမ်ပိုင်ဆိုင်ခွင့် စာချုပ်များကို ပိတ်သိမ်း/သိမ်းဆည်းခံရနိုင်သည်။
ဗီဇာ ပယ်ဖျက်ခံရခြင်းနှင့် ပြည်နှင်ဒဏ်
နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဗီဇာပယ်ဖျက်ခံရခြင်း၊ ပြည်နှင်ဒဏ်ပေးခံရခြင်းနှင့် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ခံရခြင်း (Blacklist) တို့ ကြုံတွေ့ရနိုင်သည်။
ဆင့်ခေါ်စာ ရောက်ရှိလာပါက ဘာလုပ်သင့်သလဲ။
စာကို လုံးဝ လျစ်လျူမရှုပါနဲ့။ ရဲစခန်းမှ ဆင့်ခေါ်စာကို မတုံ့ပြန်ဘဲနေပါက ဖမ်းဝရမ်း ထွက်လာမည်ဖြစ်ပြီး အခြေအနေကို ပိုမိုဆိုးရွားစေပါမည်။
ထိုင်းဥပဒေပညာရှင် / ရှေ့နေများနှင့် ချက်ချင်း တိုင်ပင်သင့်ပါတယ်။
ထိုင်းဥပဒေစနစ်ကို ကျွမ်းကျင်သော ရှေ့နေများနှင့် ထွက်ဆိုချက်များ၊ စာရွက်စာတမ်းများကို စနစ်တကျ ပြင်ဆင်ပြီးမှသာ စုံစမ်းစစ်ဆေးသူများနှင့် တွေ့ဆုံပါ။
စာရွက်စာတမ်းနှင့် ငွေကြေးအထောက်အထားများ စစ်ဆေးပါ။
ကုမ္ပဏီ စာရွက်စာတမ်းများ၊ ဘဏ်ငွေလွှဲအထောက်အထားများ၊ စာရင်းဇယားများနှင့် စာချုပ်များကို ဥပဒေအကြံပေးနှင့်အတူ အမြန်ဆုံး စစ်ဆေးသုံးသပ်ပါ။
Nominee နဲ့ပတ်သက်ပြီး ဒီအချက်အလက်လေးတွေကို သေသေချာချာ ဂဃနဏ သိထားသင့်ပြီး ကြိုတင်ပြင်ဆင်မှုများ လိုအပ်ပါက ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
အိမ်ခြံမြေနှင့်ပတ်သက်သော ဥပဒေပိုင်းဆိုင်ရာ ဝန်ဆောင်မှုအသီးသီးကို BLS မှ ကျွမ်းကျင်ရှေ့နေများဖြင့် အကောင်းဆုံး ဆောင်ရွက်ပေးနေပါတယ်။
လူကြီးမင်းတို့၏ အိမ်ခြံမြေကိစ္စရပ်များအတွက် ယခုပဲ ဆက်သွယ်တိုင်ပင်လိုက်ပါ