Real Estate
ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား အိမ်ခြံမြေအကျိုးဆောင်များအတွက် ၂၀၂၆ ဥပဒေသစ်နှင့် သတိပြုဖွယ်ရာများ
လက်ရှိ ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်အတွင်း နိုင်ငံခြားသားများ (မြန်မာ၊ စင်ကာပူ၊ တရုတ်၊ ရုရှား) သည် ပုံစံအမျိုးမျိုးဖြင့် အကျိုးဆောင်လုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်နေကြပါသည်။ သို့သော် "Brokerage/Agency" (အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း) သည် နိုင်ငံခြားသားများအတွက် လုပ်ကိုင်ခွင့် တားမြစ်ထားသော အလုပ်အကိုင် (Prohibited Career) ဖြစ်သည်ကို အထူးသတိပြုရန် လိုအပ်ပါသည်။
၂၀၂၆ ခုနှစ်၏ တင်းကျပ်သော စစ်ဆေးမှုများအရ၊ အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေ (Immigration Law) နှင့် အလုပ်သမားဝန်ကြီးဌာန (Ministry of Labor) မှ ထပ်တိုးလိုက်သော စည်းမျဉ်းသစ်များတွင် Work Permit အတွင်းရှိ ရာထူး (Job Position) များကို တိကျစွာဖော်ပြရန်နှင့် ကန့်သတ်အလုပ်အကိုင်များ မလုပ်ကိုင်ရန် အတိအကျ ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။
BLS Citrus မှ လက်တွေ့ကြုံတွေ့ရလေ့ရှိသော Scenario (၃) ခုနှင့် ဥပဒေကြောင်းအရ အားနည်းချက်များကို သုံးသပ်တင်ပြအပ်ပါသည်-
Scenario 1: The "Developer's Pet" (အထင်မှားစရာ အခွင့်ထူးခံ အခြေအနေ)
Developer ကြီးများ၏ Event နှင့် Party များတွင် ပေါ်ပေါ်ထင်ထင် အရောင်းမြှင့်တင်နေသော နိုင်ငံခြားသား အကျိုးဆောင်များစွာ ရှိပါသည်။ Developer က ဖိတ်ကြားထားခြင်း၊ အရောင်းခန်း (Sales Gallery) တွင် အိမ်ပြခွင့်ရခြင်းတို့ကို "တရားဝင်မှုရှိသည်" ဟု အထင်မှားတတ်ကြပါသည်။
သတိပြုရန်: Developer သည် အိမ်ရောင်းချရန်သာ တာဝန်ရှိပြီး သင်၏ Work Permit နှင့် Visa အတွက် တာဝန်ယူမည်မဟုတ်ပါ။ Labour Ministry ၏ စစ်ဆေးမှုများတွင် Developer ၏ ခွင့်ပြုချက်သည် ဥပဒေအထက်တွင် မရှိပါ။
Tax Risk (အခွန်ဆိုင်ရာ အန္တရာယ်): ကော်မရှင်ခကို မှန်ကန်သော အခွန် (Withholding Tax) မပေးဆောင်ဘဲ လက်ခံခြင်းသည် အခွန်ရှောင်မှု (Tax Evasion) အောက်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး ၎င်းသည် ပြစ်မှုကြောင်းအရ အရေးယူခံရနိုင်သော (Criminal Offense) ကိစ္စရပ်ဖြစ်ပါသည်။
Scenario 2: The "Shadow Agent" (ဗီဇာအမျိုးမျိုးဖြင့် တရားမဝင် လုပ်ကိုင်နေသူများ)
ED Visa (ကျောင်းသားဗီဇာ) သို့မဟုတ် Non-LA (Migrant Worker/MOU) ဗီဇာများဖြင့် "အလွတ်တမ်း" အိမ်ရောင်းနေသူများ ဖြစ်ပါသည်။ “မိမိတွင် ဗီဇာရှိနေသဖြင့် အလုပ်လုပ်၍ရသည်” ဟု လွဲမှားစွာ ယုံကြည်နေတတ်ကြပါသည်။
သတိပြုရန်: ED Visa သည် ပညာသင်ရန်အတွက်သာဖြစ်ပြီး၊ မည်သည့် စီးပွားရေးလုပ်ငန်းမျှ လုပ်ကိုင်ခွင့်မရှိပါ။ Non-LA သည်လည်း သတ်မှတ်ထားသော လုပ်ငန်းခွင် (စက်ရုံ/ဆောက်လုပ်ရေး) မှလွဲ၍ အခြားအလုပ် လုံးဝလုပ်ခွင့်မရှိပါ။
Direct Evidence: ဆိုရှယ်မီဒီယာပေါ်တွင် အိမ်ခြံမြေရောင်းချသည့် ဗီဒီယိုရိုက်ကူးတင်ဆက်ခြင်းသည် အစိုးရအတွက် "ကိုယ်တိုင်ဝန်ခံချက် (Self-Incrimination)" ဖြစ်ပြီး၊ ၎င်းသက်သေဖြင့်ပင် ဗီဇာပယ်ဖျက်၍ ပြည်နှင်ဒဏ် (Deportation) ပေးရန် လုံလောက်ပါသည်။
Scenario 3: The "Offshore Payment" (ငွေပေးချေမှု ပတ်လမ်းလွဲခြင်း)
ထိုင်းတွင် အိမ်ရောင်းသော်လည်း ကော်မရှင်ခကို စင်ကာပူ၊ မြန်မာ သို့မဟုတ် ပြည်ပကုမ္ပဏီများမှတစ်ဆင့် လက်ခံခြင်း ဖြစ်သည်။ “ထိုင်းဘဏ်ထဲ ငွေမဝင်လျှင် အစိုးရ မသိနိုင်” ဟု ယူဆတတ်ကြပါသည်။
သတိပြုရန်: ၂၀၂၆ ခုနှစ်တွင် ထိုင်းအစိုးရသည် ဘဏ်စာရင်းများကို ချိတ်ဆက်စစ်ဆေးနိုင်စွမ်း ပိုမိုမြင့်မားလာပါပြီ။ ထိုင်းမြေပေါ်တွင် ဖြစ်ပေါ်သော အရောင်းအဝယ်မှ ဝင်ငွေကို ပြည်ပတွင်ရယူခြင်းသည် ငွေကြေးခဝါချမှု (Money Laundering) အဖြစ် သတ်မှတ်ခံရနိုင်ပါသည်။
အရင်က Singapore, Malaysia, Hong Kong, UAE ဘဏ်များသို့ ကော်မရှင် လွှဲပေးလေ့ရှိသော်လည်း၊ ယခုနောက်ပိုင်းတွင် Singapore နှင့် Malaysia တို့မှစတင်၍ ငွေလွှဲပြောင်းမှုများကို လက်ခံဆောင်ရွက်ပေးခြင်း မရှိတော့ပါ။
မဖြစ်မနေ သိထားရမည့် တင်းကျပ်သော စည်းမျဉ်းများ (Structural Requirements)
သင်၏ ကုမ္ပဏီသည် ၄၉% ရှယ်ယာရှိသော ထိုင်းအစုစပ်ကုမ္ပဏီ ဖြစ်စေကာမူ အောက်ပါတို့ကို မဖြစ်မနေ လိုက်နာရပါမည်-
Capital Investment: နိုင်ငံခြားသားဝန်ထမ်း (၁) ဦးလျှင် အနည်းဆုံး မှတ်ပုံတင်ရင်းနှီးမြှုပ်နှံမှု ဘတ် ၂ သန်း ရှိရမည်။
Staff Quota: အရင်းအနှီး ဘတ် ၅ သန်းအောက် ကုမ္ပဏီဖြစ်ပါက ဒါရိုက်တာအပါအဝင် နိုင်ငံခြားသား (၂) ဦးသာ Work Permit ယူနိုင်ပြီး၊ ၎င်းတို့အတွက် ထိုင်းဝန်ထမ်း (၈) ဦး တရားဝင် ရှိရမည်။
Job Title: Work Permit တွင် "Agent" ဟု လုံးဝ (လုံးဝ) မသုံးရပါ။ Sales Representative သို့မဟုတ် Marketing Specialist အဖြစ်သာ သတ်မှတ်ရမည်။
Director Role & Specific Position: Director ရာထူးယူထားသော်လည်း Property Agent လုပ်၍မရပါ။ ၂၀၂၆ စည်းမျဉ်းသစ်များအရ Work Permit တွင် Director အပြင် သီးခြားအလုပ်တာဝန် (SPECIFIC JOB POSITION) ကို ထည့်သွင်းဖော်ပြထားရမည် ဖြစ်ပါသည်။
The Professional Solution: ဥပဒေနှင့်အညီ လုံခြုံစွာ ဖွဲ့စည်းတည်ဆောက်ခြင်း (Restructuring for Safety)
FBL (Foreign Business License) Application:
နိုင်ငံခြားသား ၁၀၀% ပိုင်ဆိုင်မှုဖြင့် ဥပဒေကြောင်းအရ အကာအကွယ်အပြည့်အဝရရှိရန် FBL လျှောက်ထားခြင်းသည် အကောင်းဆုံး လမ်းကြောင်းဖြစ်ပါသည်။ ၎င်းသည် သင့်အား "အကြံပေးဝန်ဆောင်မှု" ပေးခွင့်ကို တရားဝင် အခွင့်အာဏာ ပေးအပ်မည်ဖြစ်သည်။
Citrus - Business Consultation & Corporate Firm မှ FBL လျှောက်ထားခြင်း ဝန်ဆောင်မှုကို ကျွမ်းကျင်စွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။ လုပ်ငန်းစဉ်အနေဖြင့် ၃ လမှ ၆ လအထိ ကြာမြင့်နိုင်ပြီး သတ်မှတ်ချက်မပြည့်မီပါက ငြင်းပယ်ခံရနိုင်ခြေ (Rejection) ရှိသဖြင့် တိကျသေချာသော အကြံပေးမှုများ ရယူရန် လိုအပ်ပါသည်။
Compliance-First Work Permit:
ဝန်ထမ်းအားလုံးကို မှန်ကန်သော ရာထူးများဖြင့်သာ ခန့်အပ်ပါ။ (ED သို့မဟုတ် Non-LA ဗီဇာများကို အလုပ်လုပ်ရန် လုံးဝ အသုံးမပြုပါနှင့်)။
Strategic Invoicing:
ကော်မရှင်ခကို Property Consulting Fee သို့မဟုတ် Market Research Fee အဖြစ် စနစ်တကျ အမည်ပြောင်းလဲ၍ အခွန်မှန်ကန်စွာ ပေးဆောင်ရပါမည်။
လုပ်ငန်းလုံခြုံရေးနှင့် ဥပဒေရေးရာ ကိစ္စရပ်များအတွက် BLS Citrus သို့ ဆက်သွယ်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။