Yellow Book ဆိုတာ ဘာလဲ

Yellow Book ဆိုတာ ဘာလဲ

Yellow Book (ထိုင်းလို Tabien Baan - Thor Ror 13) ဆိုတာ ထိုင်းနိုင်ငံသားတွေ ကိုင်ဆောင်တဲ့ အပြာရောင်အိမ်ထောင်စုစာရင်းနဲ့ အလားတူပေမယ့် နိုင်ငံခြားသားတွေအတွက် သီးသန့် ထုတ်ပေးတဲ့ တရားဝင် နေရပ်လိပ်စာ မှတ်ပုံတင်စာအုပ် ဖြစ်ပါတယ်။


မှတ်ချက်။ ။ ဒီစာအုပ်ဟာ "ပိုင်ဆိုင်မှု" ကို ပြတာမဟုတ်ဘဲ သင်ဟာ ဒီလိပ်စာမှာ "တရားဝင် နေထိုင်သူ" ဖြစ်ကြောင်း သက်သေပြတာ ဖြစ်ပါတယ်။ (ပိုင်ဆိုင်မှုအတွက်ကတော့ Chanote ခေါ်တဲ့ ဂရန်ကသာ အဓိကပါ။)


Target Groups အနေနဲ့ပြောရရင် ဒီစာအုပ်က လူတိုင်းအတွက် မဟုတ်ဘဲ အောက်ပါသူတွေအတွက်တော့ အဓိက အသုံးဝင်ပါတယ်။



ကွန်ဒိုပိုင်ရှင်များ (Freehold): မိမိအမည်ပေါက်နဲ့ ကွန်ဒိုဝယ်ထားပြီး ရေရှည်နေထိုင်မယ့်သူတွေ။
ရေရှည်ဗီဇာသမားများ: အငြိမ်းစားဗီဇာ (Non-O / OA / OX) သို့မဟုတ် အလုပ်ဗီဇာ (Non-B) နဲ့ နေထိုင်သူတွေ။
ထိုင်းနှင့် အိမ်ထောင်ကျသူများ: ၎င်းတို့ရဲ့ နေထိုင်မှုမှတ်တမ်းကို ခိုင်မာစေဖို့ အိမ်ထောင်ဖက်ရဲ့ အိမ်ထောင်စုစာရင်းမှာ အမည်သွင်းလေ့ရှိကြပါတယ်။
လုပ်ငန်းရှင်များ: ကုမ္ပဏီဒါရိုက်တာတွေအနေနဲ့ စီမံခန့်ခွဲမှုကိစ္စတွေ လွယ်ကူဖို့ ဆောင်ထားတတ်ကြပါတယ်။
ပန်းရောင်ကတ် (Pink ID Card) လိုချင်သူများ: နိုင်ငံခြားသားမှတ်ပုံတင်ကတ် မလျှောက်ခင်မှာ Yellow Book အရင်ရှိထားဖို့လိုအပ်တယ်။



Yellow Book ရှိထားရင် အဲ့အကျိုးကျေးဇူးတွေက 


ထိုင်းမှာ နေထိုင်ရတာ အများကြီး ပိုချောမွေ့သွားစေတဲ့အပြင် ပုံမှန်ဆိုရင် ကားဝယ်တာ၊ ဘဏ်အကောင့်ဖွင့်တာတွေအတွက် Immigration (လဝက) မှာ ပိုက်ဆံပေးပြီး လိပ်စာထောက်ခံစာ (Residence Certificate) သွားလျှောက်ရပါတယ်။ Yellow Book ရှိရင်တော့ အဲဒါတွေ မလိုတော့ဘဲ ဒီစာအုပ်ပြလိုက်ရုံနဲ့ ကိစ္စပြီးပါတယ်။


ယာဉ်မောင်းလိုင်စင် လုပ်တဲ့အခါ (သို့) သက်တမ်းတိုးတဲ့အခါမှာလည်း လိပ်စာအထောက်အထားအဖြစ် တိုက်ရိုက် သုံးလို့ရပါတယ်။


မိမိနာမည်နဲ့ ကား/ဆိုင်ကယ် ဝယ်ယူတဲ့အခါမှာလည်း
မော်တော်ယာဉ် မှတ်ပုံတင်ဖို့ ပိုမိုလွယ်ကူစေပါတယ်။



အစိုးရဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်တဲ့အခါ မိတ်ဆွေကို ရေရှည်နေထိုင်သူအဖြစ် ပိုမိုယုံကြည်မှု ရစေပါတယ်။


စာအုပ်နောက်ကွယ်မှာ ပတ်သက်နေတဲ့
သက်ဆိုင်ရာ အစိုးရဌာနကြီး (၄) ခုကို
သေချာသိထားဖို့ လိုပါတယ်။



ပြည်တွင်းအုပ်ချုပ်ရေးဦးစီးဌာန (DOPA): ဒါက အဓိက အာဏာပိုင်ပါ။ (Civil Registration Act B.E. 2534) အရ အိမ်ထောင်စုစာရင်းတွေကို သူတို့ကပဲ စီမံပါတယ်။




လူဝင်မှုကြီးကြပ်ရေးဌာန (Immigration): သူတို့က ဒီစာအုပ်ကို ထုတ်မပေးပေမယ့် "အမြဲတမ်းနေရပ်လိပ်စာ" အဖြစ် အပြည့်အဝ အသိအမှတ်ပြုပါတယ်။




မြေယာဦးစီးဌာန (DOL): သူတို့က ပိုင်ဆိုင်မှု (Chanote) ကို တာဝန်ယူတာပါ။ Yellow Book က ပိုင်ဆိုင်မှုကို မဆုံးဖြတ်ဘူးဆိုတာ သူတို့က အမြဲသတိပေးပါတယ်။




ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန (DLT): လိုင်စင်ကိစ္စတွေမှာ Yellow Book ကို လိပ်စာအထောက်အထားအဖြစ် တရားဝင် လက်ခံပေးပါတယ်။



Yellow Book ဟာ မဖြစ်မနေ (Mandatory) ရှိရမယ်လို့ သတ်မှတ်ထားတာ မဟုတ်တဲ့အတွက်
* Tourist Visa နဲ့ လာတဲ့သူတွေ။
* ထိုင်းကို တစ်ခါတလေမှ လာလည်တဲ့သူတွေ။
* ကွန်ဒိုကို ငှားထားရုံပဲရှိပြီး ကိုယ်တိုင်မနေတဲ့သူတွေ။
* လဝက ထောက်ခံစာ (Residence Certificate) ခဏခဏ သွားလျှောက်ရတာကို အဆင်ပြေတဲ့သူတွေအတွက် မလိုအပ်သေးပါဘူး။



Yellow Book လျှောက်ဖို့အတွက် မိမိနေထိုင်တဲ့နယ်မြေက ခရိုင်ရုံး (District Office - Amphur) မှာ သွားလျှောက်ရပါတယ်။ ခရိုင်ရုံးတစ်ခုနဲ့တစ်ခု လိုအပ်တဲ့ စာရွက်စာတမ်း အနည်းငယ် ကွဲပြားနိုင်သလို၊ အရာရှိရဲ့ ဆုံးဖြတ်ချက်ပေါ်မှာလည်း မူတည်ပါတယ်။
ဒီစာအုပ်ကို လျှောက်ထားချင်တယ်ဆိုရင် စာအုပ်ထွက်သည်အထိ လိုင်စင်ရရှေ့နေများနှင့်အတူ One-stop ဝန်ဆောင်မှုပေးတာမို့ လိုအပ်ပါက BLS Citrus ကို သတိရလိုက်ပါခင်ဗျာ။