Real Estate
နိုင်ငံခြားသားတစ်ယောက်က ထိုင်းနိုင်ငံမှာ ဘာတွေဝယ်ပိုင်ခွင့်ရှိလဲ
ထိုင်းနိုင်ငံမှာ အိမ်၊ ခြံမြေ၊ ကွန်ဒို ဒါမှမဟုတ် မော်တော်ယာဉ်တွေ ဝယ်တော့မယ်ဆိုရင် “နိုင်ငံခြားသားတစ်ယောက်အနေနဲ့ တရားဝင် ဘာတွေကို အပိုင်ဝယ်လို့ရပြီး၊ ဘာတွေကိုတော့ သတိထားရမလဲ?" ဆိုတဲ့ မေးခွန်းက ထိုင်းမှာ ရင်းနှီးမြှုပ်နှံချင်သူတွေ အမေးအများဆုံး မေးခွန်းတစ်ခုပါ။
ကွန်ဒိုမီနီယံ (Condominium) – ရာသက်ပန် ပိုင်ဆိုင်ခွင့် (Freehold)
နိုင်ငံခြားသားတစ်ယောက်အနေနဲ့ မိမိနာမည် တိုက်ရိုက်အမည်ပေါက်ဖြင့် ရာသက်ပန် ပိုင်ဆိုင်ခွင့်ရနိုင်မယ့် အလွယ်ကူဆုံးနဲ့ အစိတ်ချရဆုံး အိမ်ခြံမြေကတော့ "ကွန်ဒို" ဝယ်ခြင်းဖြစ်ပါတယ်။ (ဥပဒေအရ စုစုပေါင်း ယူနစ်ရဲ့ ၄၉% ထက်မကျော်တဲ့ နိုင်ငံခြားသားပိုင်ဆိုင်ခွင့် Quota အတွင်းမှာ ဝယ်ယူရမှာ ဖြစ်ပါတယ်)။
အိမ်၊ ဗီလာနှင့် မြေကွက် (House & Villa) – ရေရှည်ငှားရမ်းခွင့် (Leasehold)
ထိုင်းဥပဒေအရ နိုင်ငံခြားသားတစ်ယောက်ဟာ "မြေ" ကို မိမိနာမည်နဲ့ တိုက်ရိုက်ဝယ်ယူပိုင်ဆိုင်ခွင့်တော့ မရှိပါဘူး။ ဒါပေမဲ့ အိမ် သို့မဟုတ် ဗီလာကို လိုချင်တယ်ဆိုရင်တော့ Leasehold နှစ် ၃၀ စာချုပ်နဲ့ ရေရှည်ငှားရမ်းခွင့် ချုပ်ဆိုပြီး Land Department မှာ စာချုပ်မှတ်ပုံတင်ပြီး စိတ်ချလက်ချ နေထိုင်နိုင်ပါတယ်။
ကားနှင့် မော်တော်ယာဉ်များ (Vehicles) – ကိုယ်ပိုင်အမည်ပေါက် ဝယ်ယူခွင့်
ကိုယ့်ဆီမှာ သက်တမ်းရှိ Passport၊ ထိုင်းယာဉ်မောင်းလိုင်စင်၊ Work Permit သို့မဟုတ် လူဝင်မှုကြီးကြပ်ရေး (Immigration) က ထုတ်ပေးတဲ့ နေရပ်လိပ်စာ အထောက်အထား (Residence Certificate) ရှိတယ်ဆိုရင် ကားကို ကိုယ်ပိုင်အမည်ပေါက်ဖြင့် တရားဝင် ဝယ်ယူခွင့်ရှိပါတယ်။
အခုနောက်ပိုင်း ထိုင်းရဲ့ လေလံကုမ္ပဏီကြီးတွေ (ဥပမာ- Apple Auto Auction, Union Auction) မှာ "မြန်မာနိုင်ငံသားတွေ လေလံဆွဲဖို့ ခက်ခဲလာတယ်" ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အစိုးရရဲ့ အခွန်ဥပဒေနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး စည်းမျဉ်းတွေကြောင့် အခုနောက်ပိုင်း လေလံပွဲတွေမှာ အောက်ပါအတိုင်း အရမ်းတင်းကျပ်တာမျိုးပါ။
အဓိကကတော့ အခုနောက်ပိုင်း Apple Auto Auction နဲ့ Union Auction လို ကုမ္ပဏီကြီးတွေမှာ Tourist Visa (အလည်ဗီဇာ) သမားတွေကို ပေးမဆွဲတော့ဘဲ Work Permit ဒါမှမဟုတ် ရေရှည်ဗီဇာရှိသူတွေကိုပဲ ခွင့်ပြုတော့တာပါ။ ငွေပေးချေတဲ့အခါမှာလည်း ငွေသားအမြောက်အမြား လက်ခံတာမျိုး ကန့်သတ်လာပြီး တရားဝင် ထိုင်းဘဏ်အကောင့်ထဲကနေပဲ လွှဲခိုင်းပါတော့တယ်။ လေလံအောင်ပြီးရင်တော့ မြေပို့ဆောင်ရေးဦးစီးဌာန (DLT) မှာ နာမည်ပေါက်ပြောင်းဖို့အတွက် စာရွက်စာတမ်းစုံရင်တော့ လေလံဝင်ဆွဲလို့ရပါသေးတယ်။ မစုံရင်သာ လေလံဝင်ဆွဲခွင့်ပါ အပိတ်ခံရနိုင်လို့ ဖြစ်ပါတယ်။
ဒီလိုမျိုး နိုင်ငံခြားသားတစ်ယောက်အနေနဲ့ ထိုင်းမှာ ကွန်ဒို၊ အိမ်ကနေ ကားအထိ တရားဝင် ဝယ်ယူပိုင်ဆိုင်နိုင်ခွင့်ရှိပေမဲ့... စည်းကမ်းချက်တွေက အမြဲပြောင်းလဲနေပါတယ်။ ဥပဒေပိုင်းဆိုင်ရာမှာ စာရွက်စာတမ်း ခိုင်ခိုင်မာမာရှိဖို့နဲ့ ငွေကြေးလမ်းကြောင်း ရှင်းလင်းဖို့က အရမ်းကို အရေးကြီးတာကြောင့် အတွေ့အကြုံရှိတဲ့ ရှေ့နေတွေ၊ ကျွမ်းကျင်သူတွေနဲ့ လုပ်ငန်းမစခင်သေချာတိုင်ပင်ဆွေးနွေးဖို့ အကြံပြုပါရစေ။
လုပ်ငန်းကိုင်ငန်းများအဆင်ပြေချောမွေ့ကြဖို့ BLS Citrus မှဆန္ဒပြုရင်း Buyer-side legal service အတွက်ဝန်ဆောင်မှုများလိုအပ်ပါက ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။