ထိုင်းမှာ ကုမ္ပဏီထောင်မယ်ဆို သတိထားရမယ့် အရေးအကြီးဆုံး ၃ ချက် 

ထိုင်းမှာ ကုမ္ပဏီထောင်မယ်ဆို သတိထားရမယ့် အရေးအကြီးဆုံး ၃ ချက် 
ထိုင်းမှာ ကုမ္ပဏီထောင်မယ်ဆို သတိထားရမယ့် အရေးအကြီးဆုံး ၃ ချက် 

- အစုရှယ်ယာပိုင်ဆိုင်မှု- ကုမ္ပဏီဘဏ်အကောင့် အသုံးပြုပိုင်ခွင့်- ကုမ္ပဏီအောက်က လက်မှတ်ရေးထိုးပိုင်ခွင့်

ထိုင်းမှာ မြန်မာနိုင်ငံသားတစ်ယောက််အနေနဲ့ အရင်းနှီးမများတဲ့ လုပ်ငန်းတစ်ခုစတော့မယ်ဆို ဥပဒေအရ ထိုင်းကုမ္ပဏီ 51% 49% ကုမ္ပဏီတည်ထောင်ရပါတယ်။ထိုင်းလူမျိုးက ၅၁% နိုင်ငံခြားသားက ၄၉% ပါ။

နိုင်ငံခြားသား ၁၀၀% ပိုင်ဆိုင်ထားတဲ့လုပ်ငန်းတွေက FBL - Foreign Business License ရှိထားရမှာဖြစ်ပြီး BOI ဖြစ်ပါကလဲ သတ်မှတ်ထားတဲ့ လုပ်ငန်းမဟုတ်ရင် Promotion ကျဖို့ခက်ခဲပါတယ်။ ဒါကြောင့် အလွယ်နည်းဖြစ်တဲ့ ထိုင်းအမည်ခံနဲ့ ကုမ္ပဏီတည်ထောင်လေ့ရှိကြပါတယ်။

ဒီနည်းလမ်းမှာတော့ ထိုင်းအမည်ခံနဲ့အလုပ်တွဲလုပ်ကြတဲ့ နိုင်ငံခြားသားပိုင်လုပ်ငန်းများ အထူးသဖြင့် နာမည်ရအောင်မြင်လာတဲ့ လုပ်ငန်းအများစုမှာ ပိုင်ဆိုင်မှုခွဲဝေခြင်းပြဿနာတွေ ရှိလာပါတယ်။ ထိုင်းအမည်ခံတွေမှ အစုရှယ်ယာ ၅၁% ကို ဗန်းပြပြီး ဝေစုတောင်းလာတာမျိုးပါ။နောက် ကုမ္ပဏီဘဏ်အကောင့်ကို ဒါရိုက်တာလက်မှတ်ထိုးပိုင်ခွင့်နဲ့ ယူထားတာတွေ၊ ကုမ္ပဏီအောက်က မိမိမသိခင် မြေဝယ် ကားဝယ် ချေးငွေယူထားတာတွေ စတဲ့အမှုတွေကို ထိုင်းရောက် နိုင်ငံခြားသားလုပ်ငန်းရှင်အများစု ကြုံတွေ့ရလေ့ရှိပါတယ်။

ဒါကြောင့် တရားဝင်လဲသွားချင်ပေမယ့် တဖက်ကလဲ မိမိပိုင်ဆိုင်မှုအပေါ်စိုးရိမ်စိတ်တွေရှိကြတဲ့အတွက် ဒီ post ကနေ ဘယ်လိုနည်းလမ်းတွေနဲ့ ခိုင်မာသေချာသောကုမ္ပဏီတစ်ခုတည်ထောင်သင့်လဲ ဖော်ပြသွားပေးပါမယ်။

1. အစုရှယ်ယာပိုင်ဆိုင်မှု

ရှယ်ယာပိုင်ဆိုင်မှုလို့ဆိုရာမှာတော့ ကနဦးကုမ္ပဏီတည်ထောင်တဲ့အချိန် မဖြစ်မနေ အစုရှယ်ယာ ၄၉% ပဲယူထားပိုင်ခွင့်ရှိပါတယ်။ ထို့နောက် ရှယ်ယာရှင်များမှ ဒါရိုက်တာခန့်အပ်ခြင်းသဘောအနေနဲ့ မိမိကိုယ်ကို ဒါရိုက်တာအဖြစ် စာရင်းသွင်းရပါတယ်။ဒီမှာဖြေရှင်းစရာတစ်ခုကတော့ ဒါရိုက်တာစာရင်းဝင်ထားသူ မြန်မာတစ်ဦးတည်းဖြစ်ပါက စီးပွါးရေးဗီဇာ Non-B နှင့် အလုပ်လုပ်ပိုင်ခွင့်စာအုပ် work permit ရှိကိုရှိထားရမှာပါ။ဒါကြောင့် ရှယ်ယာတစ်ဝက်အထက်ပိုင်တဲ့ ၅၁% ပိုင်တဲ့ ထိုင်းလူမျိုးအမည်ခံကနေ ဒါရိုက်တာရာထူးကို ယာယီယူထားပြီး နိုင်ငံခြားသားဒါရိုက်တာကို စီးပွါးရေးဗီဇာလျှောက်ထားနိုင်ဖို့ လိုအပ်တဲ့ Employment contract များ ကုမ္ပဏီဆိုင်ရာအခွန်မှတ်ပုံတင်များမှာ လက်မှတ်ရေးထိုးခွင့် ကနဦးရှိထားရပါတယ်။

အကယ်၍ ဒါရိုက်တာအဖွဲ့ဝင် မြန်မာ၂ဦးမှာတစ်ဦးက စီးပွါးရေးဗီဇာနဲ့ work permit ရှိထားမယ်ဆို နိုင်ငံတွင်း ရက် ၉၀ ထက်မနေမယ့် သို့မဟုတ် အလုပ်လုပ်ပိုင်ခွင့်မရှိ ဆုံးဖြတ်ပိုင်ခွင့်ပဲရှိမယ့် တခြားတစ်ဦးက စီးပွါးရေးဗီဇာ + work permit မဖြစ်မနေရှိနေဖို့မလိုပါဘူး။ (မလိုဘူးလို့ ဥပဒေက ရေးထားတာမဟုတ်ပဲ ဒါရိုက်တာက ရေရှည်နေမှာမဟုတ်ရင် မလျှောက်ထားစေလိုတဲ့သဘောကိုဆိုလိုပါတယ်)ဒီအခြေနေမျိုးဆို ထိုင်းဒါရိုက်တာမလိုပါဘူး။

စီးပွါးရေးဗီဇာနှင့် မိမိလုပ်ငန်းနဲ့ သက်ဆိုင်ရာ လိုင်စင်များလျှောက်ထားပြီးပါက ပိုင်ဆိုင်မှု အစုရှယ်ယာများကို မိမိဆီ အပြည့်ဝပြန်လွှဲပေးပြီး ပိုင်ဆိုင်မှုသေချာအောင်လုပ်လို့ရပါတယ်။ စီးပွါးရေးဗီဇာရှိထားတဲ့ ဒါရိုက်တာတစ်ယောက်က လက်မှတ်ထိုးပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်ရှိတာကြောင့် ဗီဇာရပြီးတဲ့နောက် ဒါရိုက်တာအဖွဲ့ဝင်ထဲကပါ ထိုင်းလူမျိုးကို ထုတ်ထားရပါမယ်။ ဒါဆို အစုရှယ်ယာ ၁၀၀% ပိုင်ဆိုင်ပြီး လိုင်စင်ပြည့်စုံစွာနဲ့ စီးပွါးရေးကို စတင်လည်ပက်လို့ရပါပြီ။

2. ကုမ္ပဏီဘဏ်အကောင့် အသုံးပြုပိုင်ခွင့်

ကုမ္ပဏီဘဏ်အကောင့်ဖွင့်တယ်ဆိုရာမှာ အခုနောက်ပိုင်း ထုတ်ပြန်ထားတဲ့ဥပဒေအရ ဘဏ်အတော်များများဟာလိုင်စင်များနည်းတူ ထိုင်းလူမျိုး authorization ပါမှသာ ဖွင့်ခွင့်ပေးလာကြပါတယ်။ ဒါကြောင့် ထိုင်းဒါရိုက်တာက မိမိကုမ္ပဏီရဲ့ ဘဏ်အကောင့်ကိုအချိန်မရွေး access ရယူနိုင်တာကြောင့် ဘဏ်အကောင့်ထဲ ငွေအဝင်ထွက်မရှိမီ ထိုင်းလူမျိုးဒါရိုက်တာကို Authorization မှ ထုတ်ထားရပါမယ်။

အစုရှယ်ယာကလဲ ကိုယ့်နာမည်အပြည့်ဝ သို့မဟုတ် ရှယ်ယာဝေစုအများစုကိုကိုင်ထားတယ်။ ကုမ္ပဏီအောက်က ဘဏ်အကောင့်ကိုလဲ ကိုယ်တစ်ဦးတည်းကိုင်ထားတယ်ဆိုရင် က်ိုယ့်လုပ်ငန်းကို ပိုင်ဆိုင်မှုလုံခြုံတယ်လို့ ဆိုလို့ရပါတယ်။

3. ကုမ္ပဏီအောက်က လက်မှတ်ရေးထိုးပိုင်ခွင့်

Authorized Signer ကိုဆိုလိုခြင်းဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့သလိုပဲ ဗီဇာအတွက် နဲ့ လိုင်စင်များအတွက်က ထိုင်းလူမျိုးရဲ့ authorization လိုတဲ့အတွက် လုပ်ငန်းစဖို့ လိုအပ်တဲ့ အချက်လက်တွေမရခင်မှာတော့ လက်မှတ်ထိုးပိုင်ခွင့်က်ိုထည့်ထားရမှာပါ။ ဒါပေမယ့် လိုအပ်တာတွေရပြီးတဲ့အချိန်မှာတော့ လက်မှတ်ရေးထိုးခွင့်ကို ထုတ်ထားဖို့လိုပါတယ်။

လုပ်ငန်းက တစ်နှစ်ခန့်မျှလည်ပက်ပြီး အခွန်ရှင်းလင်းတဲ့အခါ ထိုင်းလူမျိုးဒါရိုက်တာမှ လုပ်ငန်းနာမည်သုံးပြီး Home Loan, SME loan , Credit Card လျှောက်တာတွေလုပ်လာနိုင်တဲ့အတွက် သတိထားရပါမယ်။

မိမိအနေနဲ့ အထက်ပါအချက်တွေက်ို သတိထားပြီး ကုမ္ပဏီတည်ထောင်ခြင်းဆိုရာမှာ တည်ထောင်ပြီးလုပ်ငန်းကို စစ်ဆေးဖို့လိုပါက CBCC မှ စာရွက်စာတမ်းစစ်ဆေးပေးခြင်း ဝန်ဆောင်မှုကို ယူနိုင်ပါတယ်။

သေချာခိုင်မာတဲ့ ကုမ္ပဏီတစ်ခုတည်ထောင်ဖို့ဆို အသေးစိတ်ဆွေးနွေးမှုရယူဖို့ cb ကို ကြွခဲ့ပါခင်ဗျ။