နိုင်ငံတိုင်းလိုလိုမှာ မြန်မာတွေရဲ့ ငွေကြေးစီးဆင်းမှုအပေါ် သံသယအဖြစ်ခံရ၊ ဘဏ်အသုံးပြုခွင့်တွေ အပိတ်ပင်ခံရနဲ့ ခက်ခဲလာကြတဲ့အပေါ်မှာ အမြဲကြိုးစားလေ့လာနေကြတဲ့ လူငယ်တွေအနေနဲ့ဖြစ်ဖြစ် Compliance က ဘယ်လောက်အရေးကြီးကြောင်း မဖြစ်မနေ သိကို သိထားရမယ့်အချက်ပဲဖြစ်ပါတယ်။
လတ်တလော လူငယ်တွေအနေနဲ့ ဘွဲ့ရပြီးခါစ သို့မဟုတ် အရင်းနှီးတစ်ခု မိဘကထုတ်ပေးတာကို အသုံးချဖို့ အသက် ၂၀ ဝန်းကျင် လူငယ်အရွယ်တွေက နိုင်ငံခြားမှာ အခြေချဖို့ စီးပွားရေး စဖို့ တွေးလာကြတာ တော်တော်များများရှိကြပါတယ်။
တဖြည်းဖြည်းချင်း ပြည်တွင်းက လူငယ်တွေ ပြည်တွင်းမှာနေဖို့အဆင်မပြေကြတော့လို့ ပြည်ပထွက်လာကြရတဲ့အခါ ထွက်လာခဲ့တဲ့ နိုင်ငံမှာ ဘာစရမှာလဲ ဘာလုပ်လို့ရတာလဲ အစကနေ ဘဝကို ပြန်စဖို့ကြိုးစားကြရပါတယ်။
တချို့က နိုင်ငံခြားမှာ ရရာအလုပ်ဝင်လုပ်နေရင်း လမ်းပျောက်နေတယ်။
တချို့က မူလရှိထားတဲ့ ပညာတွေ ဆက်မလေ့လာတော့ဘဲ Trend မီရာနောက်လိုက်ပြီး ငွေဝင်လွယ်တာတွေကို နေထိုင်ရပ်တည်ဖို့အတွက် လုပ်ကြရတယ်။
ထိုင်းမှာဆိုရင် ပညာတတ်လူငယ်တွေက နေရာပေါင်းစုံမှာ ရရာအလုပ်လုပ်ပြီး ပြန့်ကျဲနေကြတာ အများကြီးပါပဲ။
“ပညာတတ်” ဆိုတာက အတန်းပညာကို ဆိုလိုတာမဟုတ်ဘဲ လေ့လာအားကောင်း၊ စာဖတ်အားကောင်းပြီး တွေးခေါ်နိုင်စွမ်းရှိတဲ့ ပညာရပ်တစ်ခုခုအပေါ် စိတ်ပါဝင်စားမှု အရမ်းပြင်းထန်တဲ့လူငယ်တွေကို ဆိုလိုပါတယ်။
ဒီလိုလူငယ်တွေက ကိုယ့်ပညာရပ်မှာ အားစိုက်ဖို့ အချိန်၊ ငွေ၊ စွမ်းအင်တွေကို စိုက်ထုတ်နေကြရင်း ကနဦးမှာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် Side Income ရှာတာ၊ Freelance အလုပ်လုပ်တာ၊ အွန်လိုင်းကနေ လုပ်ငန်းအသေးလေးတွေ စတင်တာမျိုးတွေ လုပ်ကြရတယ်။
ဒါပေမဲ့ ဒီလို ရုန်းကန်နေရချိန်မှာ တကယ်တမ်း နားလည်ထားရမှာက “ဘာပဲလုပ်လုပ် Identity တစ်ခုနောက်မှာ သက်ဆိုင်ရာနိုင်ငံရဲ့စည်းမျဉ်းအတိုင်းလုပ်ရမယ့်တာဝန်တွေ” ရှိတယ်ဆိုတာပါ။
ဒါကို Compliance လို့ခေါ်ပါတယ်....
လူတိုင်းမှာ တိကျတဲ့ Identity တစ်ခုစီ ရှိကြပါတယ်။
အဲဒီ Identity ဆိုတာကလည်း မိမိ ကိုင်ထားတဲ့ Visa Status ပေါ်၊ လက်ရှိ လုပ်နေရတဲ့ ရရာအလုပ်တစ်ခုတည်းပေါ်မှာပဲ မူတည်နေတာလည်း မဟုတ်ပါဘူး။ မိမိကိုယ်ကိုယ် ဘာအဖြစ် သတ်မှတ်ရပ်တည်ထားသလဲဆိုတဲ့ Identity ကိုဆိုလိုတာပါ။
ဥပမာ: ကိုယ့်ကိုယ်ကိုယ် Freelancer / Digital Nomad အဖြစ် သတ်မှတ်ထားရင် အဲဒီ Identity ရဲ့ နောက်ကွယ်မှာ အပြည်ပြည်ဆိုင်ရာ အခွန်စနစ်၊ စာချုပ်စာတမ်းနဲ့ တာဝန်ယူမှု ဆိုတဲ့ Compliance ပါလာပါတယ်။
ကိုယ်က Founder / Entrepreneur အဖြစ် ရပ်တည်ဖို့ ပြင်ဆင်နေတယ်ဆိုရင် စီးပွားရေး တည်ထောင်ခြင်းရဲ့ နောက်ကွယ်မှာ တရားဝင် မှတ်ပုံတင်ခြင်း၊ Corporate Compliance၊ အခွန်ဆိုင်ရာ စည်းမျဉ်းများနဲ့ သတင်းအချက်အလက် မှန်ကန်စွာ ပေးပို့ရခြင်းဆိုတဲ့တာဝန်တွေ အတွဲလိုက်ပါလာပါတယ်။
လူငယ်တော်တော်များများ မသိလိုက်ဘဲ ကျူးလွန်မိကြတဲ့ အမှားတစ်ခုက ကိုယ့် Identity ရဲ့ တာဝန်ဖြစ်တဲ့ Compliance ကို ထည့်မတွက်ဘဲ ဝင်ငွေရဖို့တစ်ခုတည်းကိုပဲအာရုံစိုက်လုပ်မိသွားတဲ့ကိစ္စ ဒီကနေမှ ငွေမဲ၊ တရားမဝင်ရတဲ့ဝင်ငွေ၊ အခွန်ရှောင်ထားတဲ့သူ စသဖြင့် နာမည်တပ်ခံရပြီး ကိုယ်ပိုင်ငွေတွေကိုပါ သက်ဆိုင်ရာနိုင်ငံရဲ့အစိုးရဆီ အထိန်းချုပ်ခံရတဲ့ကိစ္စတွေဖြစ်ပေါ်လာကြတာကို မြင်ဖူးကြားဖူးကြမှာပါ။
ဒါကြောင့် နိုင်ငံခြားရောက်လူငယ်တိုင်း Compliance ကို နားလည်ဖို့လိုအပ်ပါတယ်။
————————————————
ဒါက လူငယ်တွေမှရယ်မဟုတ် မြန်မာလူမျိုးတွေ ပြည်ပကို အခြေချဖို့တွေးပြီဆိုတာနဲ့ ထည့်တွက်စဉ်းစားပြင်ဆင်ရမယ့် ကိစ္စရပ်တစ်ခုပါပဲ။
ဒီလိုမျိုး နိုင်ငံရပ်ခြားမှာ အခြေချဖို့တွေးနေတဲ့ လူငယ်တွေအတွက် Compliance နဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိခြင်းက အောက်ပါအချက်တွေကြောင့်ပါပဲ။
ပထမတစ်ချက်။ ။ Informal Economy ထဲမှာပဲ ကြီးပြင်းခဲ့ခြင်း။
ဥပမာ: ပြည်တွင်းမှာတုန်းက စီးပွားရေးအသေးစားလုပ်တာ၊ Freelance လုပ်တာ၊ Side Income ရှာတာတွေဟာ အခွန်ရုံးမှာ မှတ်ပုံတင်စရာမလိုဘဲ ငွေသား သို့မဟုတ် Banking တွေနဲ့တင် လွယ်လွယ်ကူကူ ဝင်ငွေရှာလို့ရခဲ့ပါတယ်။ ပြည်ပရောက်တဲ့အခါမှာတော့ ဘယ်အလုပ်ပဲလုပ်လုပ်၊ ကိုယ်လုပ်ကိုင်မယ့် အလုပ်ရဲ့ နောက်ကွယ်မှာ အစိုးရ၊ အခွန်ရုံး၊ မှတ်ပုံတင်ခြင်းဆိုတဲ့ Compliance ကိစ္စတွေက ကပ်ပါလာပါပြီ။
ဒုတိယအချက်။ ။ Tax & Corporate Culture ကို သဘောပေါက်နားလည်မှု အားနည်းခြင်း။
နိုင်ငံတကာမှာလို ဝင်ငွေရတာနဲ့ ကိုယ့်ဘာသာ အခွန်စာရင်း နှစ်စဉ်တိုင်ကြားရတဲ့ စနစ် Personal Income Tax Declaration လိုမျိုးတွေ၊ ကုမ္ပဏီတစ်ခု တည်ထောင်ပြီးရင် လိုက်နာရမယ့် Corporate Compliance တွေကို ကျောင်းမှာရော၊ လူမှုအသိုင်းအဝိုင်းမှာပါ လေ့ကျင့်သင်ကြားပေးခဲ့တာမျိုး မရှိခဲ့သလို၊ အခွန်ဆောင်ရမယ်ဆိုတာမျိုးနဲ့လည်း ရင်းနှီးကျွမ်းဝင်ခဲ့ခြင်း မရှိခဲ့တဲ့အချက်ကြောင့်လည်း ပါဝင်ပါတယ်။
တတိယအချက်။ ။ Compliance ကို “အရေးမကြီးပါဘူး" ဆိုတဲ့ ပေါ့ပေါ့ပါးပါးအတွေရှိခြင်း။
ဆိုပါတော့ ပြည်တွင်းမှာ Compliance ဆိုတာ အဖွဲ့အစည်းကြီးတွေပဲ လုပ်ရတာ၊ သမားရိုးကျ လူတစ်ယောက်အနေနဲ့ ဥပဒေနဲ့ အခွန်ကို ထည့်တွက်စရာ မလိုဘူးလို့ပဲ သိခဲ့ကြ မှတ်ထားခဲ့ကြတာပါ။
ကုမ္ပဏီမှာ အလုပ်လုပ်ကြရင်တောင် “အခွန်ကိစ္စက HR က လစာထဲကဖြတ်တယ်။ Accountant က စာရင်းရှင်းပေးတာ” ဒီလောက်ပဲ သိကြတဲ့ လူငယ်တွေ တော်တော်များပါတယ်။
ဒါပေမဲ့ ပြည်ပရောက်သွားတဲ့အခါကျ အဲဒီ "မသိမှု" နဲ့ "အလေ့အထမရှိခဲ့မှု" ကို အိမ်ရှင်နိုင်ငံတွေရဲ့ ဥပဒေရှေ့မှာကျ ဆင်ခြေပေးလို့မရပါဘူး။ ဒါကို သူတို့က ပြစ်မှုလို့ပဲ သတ်မှတ်လိုက်တာပါ။
——————
လုပ်ငန်းသေးသေးလေးပါပဲ။ SME ပဲဟာ အခွန်ဆောင်ဖို့လိုလို့လား? ကုမ္ပဏီထောင်ဖို့ လိုလို့လား? ဆိုတဲ့ မေးခွန်းတွေကိုလည်း အမြဲကြားရပါတယ်။
ဒီလိုမျိုး မေးခွန်းတွေအတွက် ပြောပြပေးရမယ်ဆိုရင်
နိုင်ငံခြားမှာ ကိုယ်က နိုင်ငံခြားသားတစ်ဦးအနေနဲ့ လုပ်ငန်းတည်ထောင်ဖို့ဆိုရင်ကျ Corporate Compliance ကို တိတိကျကျလိုက်နာရမယ့်အချက်ဆိုတာ ရှိပါတယ်။
ဥပဒေတိုင်းမှာ ဟာကွက်ဆိုတာ ရှိပါတယ်။
ဒီဟာကွက်တွေကို ကစားပြီးလုပ်ကြသမျှက အစိုးရဝါဒ အပြောင်းအလဲတစ်ခုမှာ တိတိကျကျကျပ်လိုက်တာနဲ့ ကစားသမားတွေ အကုန်ဒုက္ခရောက်ကုန်ကြတာပါပဲ။
ဥပမာ- ထိုင်းမှာဆို Nominee Crackdown (ထိုင်းအမည်ခံသုံးလုပ်ငန်းများ ဖမ်းဆီးရေးစီမံချက်) တို့......
ဂျပန်မှာဆို သောင်း ၅၀၀ မတည်ရင်းနှီးငွေကနေ သောင်း ၃၀၀၀ ထိ ၆ ဆ မတည်ရင်းနှီးမှ နိုင်ငံခြားသားပိုင်ကုမ္ပဏီထောင်လို့ရတာတို့.......
ဒါတွေက အစိုးရက နိုင်ငံခြားသားတွေ သူတို့ ဥပဒေရဲ့ ဘယ်လိုဟာကွက်ကို ရှာကစားထားလဲ သတိထားမိတာနဲ့ ကျပ်လာနိုင်တဲ့ အန္တရာယ်တွေလို့ ဆိုရမှာပါ။
ဆိုတော့ လူငယ် Founder တွေအတွက် Corporate Compliance ကို ကုမ္ပဏီ ရှင်သန်ရေးအတွက် အရေးအကြီးဆုံး Foundation တစ်ခုဖြစ်တယ်ဆိုတာကို အသိပေးပြောပြပေးချင်တာပါ။
နောက်တစ်ပိုင်းအနေနဲ့ Corporate Compliance ကို နားမလည်ဘဲသာ လုပ်ငန်း စမိတယ်ဆိုရင် Advisor တစ်ယောက်အနေနဲ့ တွေ့မြင်နေရတဲ့ ကိစ္စတချို့ကို ရှင်းပြပေးချင်ပါတယ်။
နိုင်ငံရပ်ခြားမှာ လုပ်ငန်းတစ်ခုစပြီဆိုရင်.....
▫️ ကုမ္ပဏီ မှတ်ပုံတင်ရုံနဲ့ မပြီးတဲ့အကြောင်း။
ကုမ္ပဏီတစ်ခု ထူထောင်လိုက်တာနဲ့ အိမ်ရှင်နိုင်ငံရဲ့ Corporate Law အရ Annual Filing (နှစ်စဉ် စာရင်းဇယား တင်သွင်းခြင်း)၊ Director Obligations (ဒါရိုက်တာများ၏ တာဝန်ယူမှု)၊ Shareholders Restructuring စတဲ့ တရားဝင် လိုက်နာရမယ့် တာဝန်တွေ အလိုအလျောက် ရှိလာပါတယ်။
- AML/KYC & Bank Account Frozen Risks တွေ (ဟွန်ဒီ အသုံးများတဲ့ ကိုယ်တွေနိုင်ငံသားတွေ အကြုံရဆုံး ကိစ္စ)
နိုင်ငံတကာ ဘဏ်စနစ်တွေက Anti-Money Laundering (AML) နဲ့ Know Your Customer (KYC) စည်းမျဉ်းတွေကို အလွန်တင်းကျပ်စွာ ကျင့်သုံးပါတယ်။ Corporate Governance နဲ့ စာရင်းဇယား ခိုင်မာမှုမရှိတဲ့ ကုမ္ပဏီတွေ၊ ငွေကြေးစီးဆင်းမှု အထောက်အထား (Audit Trail) မပြနိုင်တဲ့ စီးပွားရေးတွေဟာ ဘဏ်အကောင့် ပိတ်သိမ်းခံရတာ၊ လုပ်ငန်းလည်ပတ်ခွင့် ဆိုင်းငံ့ခံရတာတွေ ကြုံရတတ်ပါတယ်။
- Legal Liability & Scalability:
Corporate Compliance ကို စနစ်တကျ မတည်ဆောက်ထားရင် ရင်းနှီးမြှုပ်နှံသူ (Investors) တွေ၊ B2B Client ကြီးတွေဆီက ယုံကြည်မှု မရရှိနိုင်သလို အခွန်နှင့် ဥပဒေရေးရာ ပြဿနာတွေကြောင့် စီးပွားရေး မကြီးထွားခင်မှာဘဲ တရားစွဲဆိုခံရခြင်း၊ ဒဏ်ငွေအမြောက်အမြား ပေးဆောင်ရခြင်းတို့နဲ့ ရင်ဆိုင်ရတတ်ပါတယ်။
———————————————
အချုပ်ပြောရရင် Compliance ဆိုတာ အစိုးရကို ပိုက်ဆံပေးရတာ၊ ရှုပ်ထွေးတဲ့ ရုံးလုပ်ငန်းတွေ လုပ်ရတာတစ်ခုတည်း မဟုတ်ပါဘူး။ အကုန်လုံးကို ရှေ့နေနဲ့လွှတ်ထားတာ၊ စာရင်းကိုင်နဲ့ လွှတ်ထားတာတွေ မဖြစ်သင့်ပါဘူး။ လုပ်ငန်း Founder တစ်ဦးက သက်ဆိုင်ရာနိုင်ငံရဲ့ Compliance ကို အခြေခံသဘောလောက်တော့ နားလည်မှဖြစ်မှာပါ။
⚠️ ရုန်းကန်ရင်း.....လေ့လာရင်း.....ပြုပြင်ရင်း သင်ယူကြရတာမှန်ပေမယ့် Compliance ရဲ့ Sensitive ဖြစ်မှုက ဘယ်နိုင်ငံကမဆို ပြည်နှင်ဒဏ်ထိနိုင်တာမျိုးမို့ မစခင်မှာ အထိုက်အလျောက် လေ့လာထားသင့်တာပါ။
ယခုနောက်ပိုင်းတော့ အချိန်ရရင် ရသလို Compliance Awareness Content လေးတွေကို Citrus - Business Consultation & Corporate Firm Website ကနေလည်း ဆက်လက်တင်ဆက်ပေးသွားပါမယ်။
သိသင့်တာကို သိရပါမယ်။ ကိုယ်က အပြည့်အစုံ မလိုက်နာနိုင်တောင် ဘာဖြစ်လာနိုင်သလဲ... ကိုယ်ဘယ်နေရာမှာ မှားနေလဲ....ဆိုတာကို သိကိုသိရပါမယ်။
Compliance Awareness is a mandatory ပါ။
အထူးသဖြင့် လုပ်ရဲကိုင်ရဲရှိတဲ့ Risk ယူရဲတဲ့ လူငယ်တွေက ဒါတွေကို နားလည်ထားမှကိုဖြစ်ပါမယ်။
ပြည်ပရောက် မြန်မာလုပ်ငန်းရှင်တွေကို ဒုက္ခမတွေ့စေချင်တဲ့စေတနာသက်သက်နဲ့ "လူငယ်နဲ့ Compliance" ဆိုတဲ့ Compliance Awareness Content လေးကို မျှဝေပေးခြင်းဖြစ်ပါတယ်။
#CitrusBusinessConsultation
#CoorporateFirm
#လူငယ်နဲ့Compliance #youths_and_compliance
#awareness_content
Cross-Border Compliance
လူငယ်နဲ့ Compliance