ထိုင်းမှာ ကုမ္ပဏီထောင်ပြီးရင် အခွန်တွေဘယ်လိုဆောင်ရမလဲ ၊ ဘာတွေဆက်လုပ်ဖ်ို့လိုမလဲ?
ထိုင်းမှာ ကုမ္ပဏီတည်ထောင်ပြီးပြီဆိုရင်တော့ ဆက်လက်ပြီး ပက်သတ်ရတဲ့ အဓိကဌာနကြီး ၃ ခုရှိပါတယ်။
1. DBD - Business Development Department2. RD - Revenue Department3. SSO - Social Security Office
. DBD - ဒီဌာနကိုတော့ ကုမ္ပဏီ တည်ထောင်ခြင်းနဲ့ ထိန်းသိမ်းခြင်းအတွက်လို့သိထားရင်ရပါတယ်။ DBD မှာ အဓိကအကျဆုံး ကုမ္ပဏီထိန်းသိမ်းခြင်းအတွက် နှစ်စဉ် AR - Annual Return တင်ရတဲ့အချိန် Audited Financial Statement နဲ့တွဲတင်ရတဲ့အတွက် ပထမဆုံးနှစ်မှာတင် Accounting filing and auditing လိုကိုလိုအပ်ပါတယ်။ DBD မှာ နှစ်စဉ် AR Filing လုပ်နိုင်ဖို့ RD နဲ့ လစဉ်ဆက်သွယ်ရပါတယ်။
. RD - အခွန်ဌာနလို့သိထားလဲရပါတယ်။ ကုမ္ပဏီတည်ထောင်ပြီးတဲ့နောက် industry အလိုက် လိုင်စင်တစ်ခုချင်းပေါ်က အခွန်တွေမလာခင် အဓိက အခွန်ကြီး ၃ခုရှိပါတယ်။- Corporate Income Tax ကုမ္ပဏီဝင်ငွေခွန်- Personal Income Tax - လစာဝင်ငွေခွန်- VAT - ရောင်းခွန်ဝယ်ခွန်ဒီ ၃ ခုကို ကုမ္ပဏီတည်ထောင်ပြီးသည့်နောက် လုပ်ငန်းစပြီးလည်ပက်သည်ဆိုတာနဲ့ filing လုပ်ရမှာဖြစ်ပါတယ်။
CT ကတော့ တစ်နှစ်လုံးမှာ Revenue 50 MB ကျော်ပြီး Net profit 300,000 THB အထိ exemption ရထားပါတယ်။ 300,000 အထက်ရောက်မှ အခွန်စဆောင်ရတာပါ။အသေးစိတ်ကို ဒီမှာဖတ်ပါ။https://www.rd.go.th/english/6044.html
PIT ကတော့ fiscal year ထဲ မိမိလစာ annual income 150,000 THB အထိ exemption ရထားပြီး 150,000 THB အထက်မှ 5% စဆောင်ရတာဖြစ်ပါတယ်။အသေးစိတ်ကို ဒီမှာဖတ်ပါ။https://www.rd.go.th/english/6045.html
နောက်ဆုံး VAT ကတော့ တစ်နှစ်လုံးရဲ့ Revenue က 1.8 MB threshold ကျော်ပြီဆို စဆောင်ရပါတယ်။ လုပ်ငန်းလည်ပက်သည်နှင့် VAT Register ရပြီး invoice မှာ 7% စတင်ကောက်ယူလို့ရပါပြီ။
. SSOဒါကတော့ အခွန်မဟုတ်တဲ့ အစိုးရအာမခံကြေးလို့ဆိုလို့ရပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာမဟုတ်တဲ့ ဝန်ထမ်းတိုင်းအတွက် ကုမ္ပဏီဘက်က 5% ဝန်ထမ်းဘက်က 5% ပေးရတာမျိုးပါ။ ဒါရိုက်တာကတော့ လူမှုဖူလုံရေးခံစားခွင့်မရှိပါဘူး။ ဒါကိုလဲ SSO ရုံးမှာ လစဉ် ၂၃ ရက်နေ့မတိုင်ခင် ဆောင်ထာစကြရပါတယ်။
ဒါတွေပြည့်စုံမှသာလျှင် ကုမ္ပဏီက တရားဝင်လည်ပက်နိုင်မှာဖြစ်ပြီး အဆင်ပြေချောမွေ့မှာပါ။Filing အတွက်လိုအပ်ပါက CBCC မှ လိုင်စင်က Accounting and Auditing Firm များနဲ့ မိတ်ဆက်ပေးပါမယ်။ဘာသာစကားအခက်ခဲမဖြစ်အောင် အနည်းဆုံး English လို ကျွမ်းကျင်စွာပြောနိုင်တဲ့ Consultant များစွာရှိတာကြောင့် လိုအပ်တာမေးမြန်းပြီး ဝန်ဆောင်မှုရယူနိုင်ပါတယ်။
Business
ထိုင်းမှာ ကုမ္ပဏီထောင်ပြီးရင် အခွန်တွေဘယ်လိုဆောင်ရမလဲ?